Tuesday, November 16, 2010

“ မေးကုန်ကြပြီ…”



အင်းစိန်ထောင်ထဲမှာ

မကြိုင်က သူ့ရဲ့ယောက်ျားကိုလူမင်းကို

ထောင်ဝင်စာ လာတွေ့တယ်။

ကိုလူမင်းက နှစ်ကြီးသမားဖြစ်တယ်။


ကိုလူမင်း၊

ရှင် ဒီကို ရောက်နေတာ ကြာလှပြီ။

ကလေးတွေလည်း ကြီးကုန်ကြပြီ။

မေးခွန်းတွေလည်း မေးကုန်ကြပြီရှင့်


ဘာလဲ၊

သူတို့အဖေ ဘယ်မှာလဲလို့

မေးနေကြသလား


ဟင့်အင်း၊

ရှင်ဓားပြတိုက်လို့ ရတဲ့ပစ္စည်းတွေ

ဘယ်မှာဝှက်ထားသလဲ တဲ့



No comments:

Post a Comment