Wednesday, November 17, 2010

“ ငါးထောင်ဆိုတော်ပြီ…”



အလွန်ကပ်စေးနည်းတဲ့ ကိုကုလားတစ်ယောက်

ရေကန်ထဲတွင်

ရေမကူးတတ်ဘဲ ရေကူးတဲ့အတွက် ရေနစ်တယ်။


အနီးရှိလူတစ်ယောက်က ရေထဲက ဆယ်လိုက်တယ်။

ကိုကုလား ကောင်းကောင်း သတိရလာတဲ့အခါ

သူ့ရဲ့ဇနီး ပြောတယ်။


မောင်၊

မောင့်ကို ကယ်တင်လိုက်တဲ့ လူငယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့

တစ်သောင်းကျပ် ဆုချလိုက်ရင် မကောင်းဘူးလား


ကိုကုလားက

ကောင်းပါတယ် မိန်းမရယ်၊

ဒါပေမယ့် တကယ်တမ်းပြောရရင်

သူ ကိုယ့်ကို ရေထဲက ဆွဲထုတ်ချိန်မှာ

ကိုယ်သတိနည်းနည်းပြန်ရနေပါပြီ။

ဒါကြောင့် ငွေ ငါးထောင်ဆိုရင် တော်လောက်ပါပြီ

No comments:

Post a Comment