Wednesday, November 17, 2010

“ မြန်မြန်သေစေချင်တာလားအချစ်ရယ်…”



တစ်နေ့မှာတော့ ဂျူးအဖိုးကြီး ဦးဂျွန်နီဟာ

လှုပ်တုတ်လှုပ်တုတ်နဲ့ အိမ်ကိုပြန်ရောက်လာတယ်။

မိန်းမဖြစ်သူ ဒေါ်ချမ်းမြက ဆီးကြိုအပြစ်တင်တယ်။


ဒေါ်ချမ်းမြက

ရှင် ဘယ်သွားနေတာလဲ၊

ညစာအတွက် ပြင်ထားတဲ့ ထမင်းဟင်းတွေတောင် အေးကုန်ပြီ


ဦးဂျွန်နီက

အေးကွာ၊ မြို့ထဲသွားပြီးပိတ်စ နှစ်ကိုက်ခွဲ သွားဝယ်နေတာနဲ့

အချိန်နည်းနည်းနောက်ကျသွားတယ်


ဒေါ်ချမ်းမြက

ပိတ်စက ဘာလုပ်ဖို့လဲ


ဦးဂျွန်နီက

ငါ သေရင်ဝတ်ဖို့ ရှပ်အင်္ကျီချုပ်မလို့ပါ၊

စင်္ကာပူအပ်ချုပ်ဆိုင်မှာ တစ်ခါတည်း အပ်ခဲ့ပြီ


ဒေါ်ချမ်းမြက

တခြားအပ်ချုပ်ဆိုင်မှာ အပ်ရော့ပေါ့၊

စင်္ကာပူအပ်ချုပ်ဆိုင်ဆိုရင်

ရှင့်အင်္ကျှီ

နောက်သုံးလလောက်ကြာမှ ရမှာသေချာတယ်

No comments:

Post a Comment