Tuesday, October 26, 2010

“ အလိုက် မသိဘူး…”



တစ်ခါတုန်းက

သတင်းထောက်ပေါက်စ တစ်ယောက်က

နာမည်ကြီးအဆိုတော်တစ်ဦးကို အလိုက်ကမ်းဆိုးမသိစွာ

သူမရဲ့အသက် ဘယ်လောက်ရှိပြီလဲ လို့ မေးရာ

မသိဘူးလို့ သူမကပြန်ဖြေပါတယ်။

ဒီတော့ သတင်းထောက်က

ဘာလဲ

ကိုယ့်အသက် ဘယ်လောက်ရှိပြီလဲဆိုတာ မသိဘူး ဟုတ်လား၊ မဖြစ်နိုင်တာဘဲ


နာမည်ကြီးအဆိုတော်က

ကျမအသက်ကို ရေတွက်နေတာမှ မဟုတ်ဘဲ။

ရှင့်ကို ကျမပြောမယ်။

အရာခပ်သိမ်းကို ရေတွက်ဖို့ မလိုဘူးရှင့်။

ကျမမှာရှိတဲ့ ပိုက်ဆံ၊

ကျမပိုင်ဆိုင်တဲ့ စိန်၊ရွှေ ရတနာတွေ

ဘယ်လောက်ရှိသလဲဆိုတာကို ကျမ ရေတွက်တယ်။

ဒီပစ္စည်းတွေက အခိုးခံရနိုင်တဲ့ ပစ္စည်းတွေလေ။

အဲကျမရဲ့ အသက်ကျတော့

ဘယ်သူမှ မခိုးနိုင်ဘူး။

ဒါကြောင့်ရေတွက်မနေဘူး၊

ကဲရှင်းပြီလား

No comments:

Post a Comment