Tuesday, October 26, 2010

“ ဘယ်သူမဆို ချီးကျူးထိုက်ပါတယ်...”




သတင်းစာတွင်

ရုပ်ပြောင်ကာတွန်းရေးတဲ့

ကာတွန်းရေးဆရာတစ်ဦးဟာ

အပျော်စမ်းသပ်တဲ့အနေနဲ့

အသိမိတ်ဆွေ (၂၀)ယောက်ဆီကို

ကျပန်းစနစ်ဖြင့် စာ (၂၀)ပို့ခဲ့ဖူးပါတယ်။

သံကြိုးစာတွင် ပါဝင်တဲ့အကြောင်းအရာမှာ


ချီးကျူးပါတယ်။


ဆိုတဲ့စာတိုလေးသာဖြစ်ပါတယ်။

အခြားဘာမှ မပါဝင်ပါ။


သူသိသလောက်

သူရဲ့သံကြိုးစာပို့ထားသူ တစ်ဦးတစ်ယောက်မှ

တကယ်ချီးကျူးလောက်အောင်

ထူးထူးခြားခြား လုပ်ကိုင်ထားခြင်း မရှိပါ။

ဒါပေမယ့်

ချီးကျူးတဲ့ သံကြိုးစာကို ရသူတိုင်း

အဲဒီလို ချီးကျူးစကားကြားရတဲ့အတွက်

ကျေးဇူးတင်ကြောင်း

ကာတွန်းဆရာထံ စာပြန်ရေးပါတယ်။


လူတိုင်းဟာ

တစ်စုံတစ်ခု ပြုလုပ်ခဲ့တာကတော့ သေချာပါတယ်။

အဲဒီလုပ်ငန်းအတွက်

သူတို့ကိုယ်သူတို့ ချီးကျူးထိုက်တယ်လို့

ယူဆနေကြတာကတော့ ထင်ရှားလှပါတယ်။

No comments:

Post a Comment