Tuesday, October 5, 2010

“ ဘာမှ မသုံးစွဲသမျှ ကာလပတ်လုံး.....”




မလိုတမာစိတ်၊

ချောက်ချချင်တဲ့စိတ်နဲ့

အိုင်စတိုင်း ကိုဝိုင်းမေးကြတယ်။

“ ဆရာကြီး၊ ဆရာကြီးရဲ့ဖေါ်မြူလာအရ
အလွန်သေးငယ်တဲ့ ဘယ်ဝတ္တုမှာမဆို

ကြီးမားတဲ့ စွမ်းအားကိန်းအောင်းနေတယ်ဆိုရင်

အဲဒီ စွမ်းအားကို ဘာဖြစ်လို့ ဘယ်သူမှ သတိမထားမိတာလဲဟင် ”


အိုင်စတိုင်းကချက်ချင်းပြန်ဖြေလိုက်ပါတယ်။

“ရှင်းရှင်းလေးပဲ၊
အဲဒီစွမ်းအင် အပြင်ကို မထွက်လာမချင်း မမြင်နိုင်ဘူးလေ၊
ဥပမာအားဖြင့်....
လူတစ်ယောက်ဟာ မယုံကြည်နိုင်လောက်အောင် ချမ်းသာနေတယ်။

ဒါပေမယ့် သူ ဘာမှ မသုံးစွဲသမျှ ကာလပတ်လုံး

သူချမ်းသာတယ်ဆိုတာကို ကျနော်တို့ မသိနိုင်ဘူး။ ”


No comments:

Post a Comment