Tuesday, October 5, 2010

“ စပါးနှံတွေကိုကြည့်လိုက်ပါ...”




မောက်မာပြီး မာနကြီးတဲ့ရှေ့နေကြီးတစ်ဦးဟာ
သူမိတ်ဆွေလယ်သမားအဖိုးကြီးတစ်ဦးကို


`ခင်ဗျားက ခေါင်းကို ကျနော့်လို
ဘာဖြစ်လို့ မတ်မတ်မထောင်ထားသလဲ´
လို့ မေးပါတယ်။


ကျနော်ကတော့ ဘယ်သူရှေ့မှာမှ
ခေါင်းကိုမညွတ်ဘူးလို့ သူသဘောထားကို
ရှေ့နေကပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်ပါတယ်။

လယ်သမားကြီးက ပြန်ပြောလိုက်တာက

` မှန်ပါတယ်၊ ရှေ့နေကြီးခင်ဗျာ၊
လယ်ကွက်ထဲက စပါးနှံတွေကိုကြည့်လိုက်ပါ။
အဆန်မပါ၊ ဗလာကျင်းတဲ့ စပါးနှံတွေကတော့
မတ်မတ်ထောင်နေကြပါတယ်။
အဆန်တွေအပြည့်ပါတဲ့စပါးနှံတွေ၊
မျိုးအောင်တဲ့ စပါးနှံတွေကတော့ ကိုင်းညွတ်နေကြပါတယ်ခင်ဗျာ...'

လို့ပြန်ပြောလိုက်ပါတယ်။


No comments:

Post a Comment