Tuesday, September 18, 2012

"အားသွားလို့လား သူငယ်ချင်း..."





 သူငယ်ချင်း…..
မင်းနဲ့ငါ ဆုံခိုက် ဘုရားလိုက်ဖို့၊
ငါ တိုက်တွန်းငြား၊
မင်းပြောကြားခဲ့၊
မအားသေးပါဘူးကွာ...တဲ့။




ဥပုဒ်နေ့မှာ ကျောင်းကို လိုက်ဖို့၊
ငါ တိုက်တွန်းငြား၊
မင်းပြောကြားခဲ့၊
မအားသေးပါဘူးကွာ...တဲ့။




ဆိတ်ငြိမ်နေရာ အေးရိပ်သာဝယ်၊
အာနာပါန ရသမျှကို၊
ခဏတဖြုတ် အတူလိုက်ပါ၊
ငါ တိုက်တွန်းငြား၊
မင်းပြောကြားခဲ့၊
မအားသေးပါဘူးကွာ...တဲ့။




ဟိုတစ်နေ့က၊
မအားနေရင်း သူငယ်ချင်းဟာ၊
သေမင်းခေါ်ရာ၊
မငြင်းသာဘဲ၊
လိုက်ပါသွားရရှာလေပြီ။




ကိုယ်ခေါ်တုန်းက ငြင်းလို့ရလည်း၊
ခုမှ မငြင်း လိုက်သွားခြင်းကြောင့်၊
ရင်တွင်းစကား ဆိုမိငြားသည်၊
အားသွားလို့လား၊
သူငယ်ချင်း။

(အမည်မသိ)

+++++++++++++++++++++++++++

No comments:

Post a Comment