Thursday, May 10, 2012

"လေတစ်ခါချွန် ဒေါ်လာနှစ်ထောင်..."

 
တစ်ခါတုန်းက Meridian Mall မောလ်ထဲမှာ ရှိတဲ့
KAY စိန်ရွှေရတနာဆိုင်တွင် ဖြစ်တယ်။
ဆိုင်ထဲကို ဝင်လာတဲ့လူငယ်က မေးတယ်။
“ဒီဆွဲကြိုးက ဘယ်လောက်ပေးရသလဲဗျ”
ဆိုင်ဝန်ထမ်းက 
“ဒေါ်လာ နှစ်ထောင်”
အံသြလွန်းတဲ့အတွက် လူငယ်က လေချွန်လိုက်မိတယ်။
ပြီးတော့ လူငယ်က ဆိုင်ဝန်ထမ်းကို ဆက်မေးတယ်။
“ဒီစိန်လက်စွပ်ကရော…”
ဆိုင်ဝန်ထမ်းပြန်ပြောလိုက်တာက...
“လေနှစ်ခါ ချွန်လိုက်ပါ”
တဲ့။





No comments:

Post a Comment