Tuesday, April 24, 2012

"မသေ သေးဘူးလေ…"






 တစ်ခါတုန်းက
ဆေးရုံလုပ်သားများက လူနာကို တွန်းလှည်းပေါ် တင်လာကြတယ်။
အဲဒီအချိန်မှာ လူနာက သတိပြန်ရလာပါတယ်။
လူနာက ဟိုကြည့် ဒီကြည့်နဲ့။
ပြီးတော့  လူနာက မေးတယ်။
“ခင်ဗျားတို့ ကျနော့်ကို ဘယ်ခေါ်သွားနေတာလဲဗျ”
“ရေခဲတိုက်ကို”
“ဒါပေမယ့် ကျနော်မှ မသေသေးပဲဟာ”

ဆေးရုံလုပ်သားပြန်ပြောလိုက်တာက...
“ကျနော်တို့ကလည်း ရေခဲတိုက်ကို မရောက်သေးပါဘူး”


No comments:

Post a Comment