Wednesday, January 18, 2012

"မသိတော့ပါဘူး…"


တစ်ခါတုန်းက မောင်လပြည့်ဟာ သွားနာတဲ့အတွက်

ဒေါက်တာမောင်မောင်ဆီမှာ သွားသွားနှုတ်လိုက်ပါတယ်။

အိမ်ပြန်ရောက်လာတဲ့အခါ လပြည့်ဟာ သူသွားနှုတ်လိုက်တဲ့အကြောင်းကို

ဦးတင်ဝင်းကိုပြောပြပါတယ်။

“သွားနာတာနဲ့ ဒီနေ့ပဲ ကျနော့်သွားကို နှုတ်ပစ်လိုက်တယ်”

ကိုတင်ဝင်းကဝတ်ကျေတမ်းကျေမေးလိုက်ပါတယ်။

“နာနေသေးလား”

လပြည့်ပြန်ပြောလိုက်တာက...

“မသိတော့ဘူး။

နာတဲ့သွားက ဆရာဝန့်ဆီမှာ ကျန်ရစ်ခဲ့ပြီလေ”


No comments:

Post a Comment