Friday, December 9, 2011

" အော်...ရက်စက်လိုက်ကြတာ..."


တစ်ခါတုန်းက

မြစ်ကြီးနားဘူတာမှ မန္တလေးဘူတာသို့သွားတဲ့ ရထားစီးဖို့

မိုးကောင်းဘူတာမှာ စောင့်နေစဉ် ဘူတာထဲကလူတွေပြောတဲ့စကားတွေဖြစ်ပါတယ်။

ခေါင်းပေါင်းနဲ့တောင်သူဦးကြီးက

“ဓားပြဂိုဏ်းတစ်ခုက သူတို့ရဲ့အဖွဲဝင်တစ်ယောက်ကို

သစ္စာဖောက်လို့ဆိုပြီးကလဲ့စားချေကြတယ်လို့ကြားတယ်”

ကိုတင်ဝင်းဆိုသူက

“ဘယ်လိုကလဲ့စားချေသလဲဆိုတာ လင်းစမ်းပါအုန်း”

တောင်သူ ဦးကြီးက

“သူ့ကိုကြိုးနဲ့တုပ်ပြီး မီးရထားသံလမ်းပေါ်တင်ထားလိုက်တယ်”

သနားကြင်နာတတ်တဲ့ကိုတင်ဝင်းက

“ရက်စက်လှချည်လား၊

ဒီဓားပြအပိုင်းပိုင်းပြတ်သေမှာပေါ့”

တောင်သူဦးကြီးပြန်ပြောလိုက်တာက...

“အပိုင်းပိုင်းပြတ်မသွားပါဘူး။

နောက်ရထားလာတာကိုစောင့်ရင်း အစာငတ်ပြီးသေသွားသတဲ့”



No comments:

Post a Comment