Wednesday, December 14, 2011

" တော်လိုက်တဲ့သားပါလား..."


တစ်ခါတုန်းက

ကျောင်းမှနောက်ကျပြီးပြန်ရောက်လာတဲ့သားမောင်ထွန်းထွန်းကို

အဖေလုပ်သူဦးအေးကိုက အကြောင်းရင်းကိုမေးရာ အဖွားအိုတစ်ဦးအား

လမ်းဖြတ်ကူးဖို့ကူညီနေရတဲ့အတွက်နောက်ကျကြောင်း သားကဖြေပါတယ်။

လူမှုရေး စိတ်ဓာတ်ရှိတဲ့သားလို့ အဖေကချီးကျူးပြီး သားကိုချော့ကလက်ဆုချပါတယ်။

နောက်တစ်နေ့မှာ သားဟာ မိမိအတန်းက သူငယ်ချင်းကိုခေါ်လာပြီး

မိမိတို့နှစ်ဦးသားဟာ အဖွားတစ်ဦးကို

လမ်းဖြတ်ကူးရန်ကူညီခဲကြောင်းပြောပြတယ်။

အဖေလုပ်သူက ချော့ကလက်တစ်ခုစီဆုချလိုက်ပြန်ပါတယ်။

နောက်တစ်နေ့မှာလည်း

သားဟာ မိမိအတန်းကကျောင်းသားထက်ဝက်ခန့်ဖြင့်

အိမ်ရောက်လာကာ အဖွားအိုတစ်ဦးကို လမ်းဖြတ်ကူးနိုင်ဖို့ကူညီခဲ့ပြန်ကြောင်း

အဖေကိုပြောပြပြန်ပါတယ်။

ဒီတော့ အဖေကမေးတယ်။

“မင်းတို့က လူများလှချည်းလား”

သားဖြစ်သူထွန်းထွန်းပြန်ဖြေလိုက်တာက...

“အဖွားက လမ်းဖြတ်မကူးချင်လို့ဆိုပြီး အတင်းငြင်းနေလို့ပါ”


No comments:

Post a Comment