Friday, November 25, 2011

" အတိတ်စိမ်း..."



တစ်ခါတုန်းက

ယောကျာ်းဖြစ်သူ ကိုလျှံဟာ မြင်းအလောင်းအစား အလွန်ဝါသနာပါသူဖြစ်တယ်။

တစ်နေ့မှာ သူဟာ မြင်းပြိုင်ပွဲကို သွားကာ

"သေချင်းဆိုး"

အမည်ရှိတဲ့မြင်းဖက်ကနေပြီး ပုံအောလောင်းလိုက်တယ်။

"သေချင်းဆိုး" ပထမ ပန်းဝင်တဲ့အတွက် ဆုငွေ အမြောက်အများရလိုက်တယ်။

“ ဒီမြင်း နိုင်မယ်ဆိုတာ ခင်ဗျား ဘယ်လိုလုပ်သိသလဲဗျ”

လို့ သူငယ်ချင်းဖြစ်သူမောင်မောင်ကမေးတယ်။

“ ကျနော့်မိန်းမက အတိတ်စိမ်းပေးလိုက်လို့ပါ၊

အိမ်ကအထွက် မြင်းပွဲသွားမယ်ဆိုတာ သိတာနဲ့

"သေချင်းဆိုး"

လို့ လှမ်းအော်ပြောလိုက်တယ်လေ”




No comments:

Post a Comment