Monday, October 24, 2011

" တော်တော် တော်တဲ့ဆရာဝန်..."


တစ်ခါတုန်းက ကော့သောင်းမြို့မှာရှိတဲ့ကောင်းဆေးခန်းကို

မသဲသဲမာဆိုတဲ့ အမျိုးသမီးလူနာတစ်ဦးရောက်လာပါတယ်။

ဒေါက်တာတင်ဝင်းအောင်ကဆရာဝန်ဖြစ်ခါစအချိန်ဖြစ်တယ်။

ရောက်လာတဲ့လူနာကိုသေသေချာချာ မစမ်းသပ်ခင်မှာ

မျက်လုံးတစ်လုံးကို ကြည့်ပြီးတာနဲ့တပြိုင်နက်

တော်ကြောင်းပြချင်တာနဲ့

စုံထောက်ကြီးဦးစံရှားပုံစံနဲ့ပြောလိုက်တာက

“ခင်ဗျားရဲ့မျက်လုံးကို ကြည့်ခြင်းအားဖြင့်

ခင်ဗျားမှာ အဆုတ်အအေးမိတဲ့ရောဂါရယ်၊

ပြီးတော့ သွေးအားနည်းတဲ့ရောဂါရယ် ဖြစ်နေတယ်လို့

ခန့်မှန်းနိုင်တယ်”လို့ပြောလိုက်ပါတယ်။

မသဲသဲမာပြန်ပြောလိုက်တာက...

“ဒေါက်တာ

ကျမရဲ့နောက်မျက်လုံးတစ်ခုကိုလည်းကြည့်ပေးပါဦး၊

အခုမျက်လုံးက မျက်လုံးအတု”

No comments:

Post a Comment