Tuesday, October 11, 2011

" ဘာကိုယူမလဲ..."


တစ်ခါတုန်းက အီလုံတက္ကသိုလ်မှာ

ပါမောက္ခက ကျောင်းသားကိုမေးတယ်။

“ ရွှေနဲ့အသိဥာဏ်အနက်က

ကြိုက်တာတစ်ခုကို ရွေးဆိုရင် မင်းဘာကို ယူမလဲ”

ကျောင်းသားက

“ ကျနော် ရွှေကိုယူမယ်ဆရာ”

"ဆရာဆိုရင်ရော ဘာကိုယူမလဲ"

လို့ကျောင်းသားကပြန်မေးပါတယ်။

ဆရာက

“ အသိဥာဏ်ကို ယူမှာပေါ့ကွ”

လို့ဖြေပါတယ်။

ဒီတော့ ကျောင်းသားကမှတ်ချက်ချတာက...

“ လူဆိုတာ ကိုယ့်မှာမရှိတာကို ယူတတ်စမြဲပါပဲ” တဲ့။