Sunday, October 30, 2011

" ဟုတ်သလိုလိုပဲနော်..."


တစ်ခါတုန်းက

တာချီလိတ်မြို့ရဲ့

တန်ဆောင်းမုန်းလပြည့်နေ့ညမှာ

မီးပုံပျံတွေကိုကြည့်ရင်းကလေးတွေနဲ့ဝိုင်းဖွဲ့စကားပြောဖြစ်တယ်။

အဲဒီအထဲက အိမ်နီးချင်းဖြစ်တဲ့ မူကြိုကလေးငယ်မောင်သိုင်းအောင်ကျော်ကို

မေးခွန်းတစ်ခု မေးဖြစ်တယ်။

"လမင်းနဲ့အမေရိကန်နိုင်ငံ

ဘယ်ဟာက တို့နဲ့ပိုနီးသလဲ"

သိုင်းအောင်ကျော်က ချက်ချင်းဖြေတယ်။

"လမင်းပေါ့"

"ဘာဖြစ်လို့လဲ"

သိုင်းအောင်ကျော်ပြန်ဖြေလိုက်တာက...

"ဒီကနေကြည့်လိုက်ရင် လမင်းကိုမြင်ရတယ်။

အမေရိကန်နိုင်ငံကိုမမြင်ရဘူးလေ"


No comments:

Post a Comment