Friday, October 28, 2011

"မေးပြီးမှ ကူညီပါ…"


တစ်ခါတုန်းက
ဘုန်းကြီးတစ်ပါးဟာ လမ်းတစ်လမ်းထဲကိုလျှောက်လာရာ

ကလေးငယ်တစ်ယောက်ဟာ
အိမ်တံခါးတစ်ခုမှ လူခေါ်ခေါင်းလောင်းခလုတ်ကို

မမီမကမ်းနဲ့ခုန်ခုန်ပြီးနှိပ်နေတာကို သွားတွေ့ပါတယ်။
ဒါနဲ့ပဲ ဘုန်းကြီးက ကလေးငယ်ရှိရာ အိမ်တံခါးဝကိုရောက်လာပြီး

လူခေါ်ခေါင်းလောင်းခလုတ်ကို နှိပ်ပေးလိုက်ပါတယ်။

ပြီးတော့ ကလေးငယ်ကို ပြောလိုက်တာက
“ကဲ..ရပြီမဟုတ်လား၊

ဒကာလေးကို ဘာလုပ်ပေးရဦးမလဲ”

ကလေးငယ်ပြန်ပြောလိုက်တာက..
“ ကျနော်တို့ နောက်ဆက်လုပ်ရမျာကတော့
ဒီနေရာကနေ အမြန်ဆုံး ထွက်ပြေးဖို့ပါပဲ”

ကလေးငယ်ဟာ ပြောပြောဆိုဆိုနဲ့

အမြန်ဆုံးနှုန်းနဲ့ထွက်ပြေးသွားပါတော့တယ်။





No comments:

Post a Comment