Wednesday, October 26, 2011

“လိမ်တယ်ညာတယ် လူလိမ်ကြီးရယ်…”


တစ်ခါတုန်းက

ရန်ကုန်တိုင်းက မြို့နယ်တရားရုံးတစ်ခုတွင်

အမျိုးသမီးတရားသူကြီးက

လိမ်လည်မှုနဲ့ တရားစွဲခံရသူ သိန်းစိုးကို ပြောတယ်။

“ရှင့်အပေါ် ယုံကြည်တဲ့လူတွေကို ရှင် မို့လိမ်ရက်တယ်”

တရားခံသိန်းစိုးပြန်ပြောလိုက်တာက...

“တရားသူကြီးမင်းပြောတဲ့စကားဟာ

ကျနော့်အတွက် အလွန်ထူးဆန်းနေတယ်။

ကျနော့်ကို မယုံတဲ့လူတွေကို

ကျနော်ဘယ်လိုလုပ်လိမ်နိုင်မှာလဲဗျ။

ယုံမှ လိမ်လို့ရမှာပေါ့”

တဲ့။

No comments:

Post a Comment