Sunday, July 17, 2011

" ငွေက တန်ဖိုးရှိတယ်ကွ..."



တစ်ခါတုန်းက

အလွန်ကပ်စေးနည်းတဲ့ ကိုလှမြင့်ဆိုသူတစ်ယောက် ရေကန်ထဲတွင်

ရေမကူးတတ်ဘဲ ရေဆင်းကူးတဲ့အတွက် ရေနစ်တယ်။

အနီးရှိလူတစ်ယောက်က ရေထဲက ဆယ်လိုက်တယ်။

ကိုလှမြင့် ကောင်းကောင်း သတိရလာတဲ့အခါ သူ့ရဲ့ဇနီးက ပြောတယ်။

မောင်၊

မောင့်ကို ကယ်တင်လိုက်တဲ့ လူငယ်ကို ကျေးဇူးဆပ်တဲ့အနေနဲ့

ဒေါ်လာတစ်ရာ ဆုချလိုက်ရင် မကောင်းဘူးလား

ကိုလှမြင့်က

ကောင်းပါတယ် မိန်းမရယ်၊

ဒါပေမယ့် တကယ်တမ်းပြောရရင် သူ ကိုယ့်ကို ရေထဲက ဆွဲထုတ်ချိန်မှာ

ကိုယ်သတိနည်းနည်းပြန်ရနေပါပြီ။

ဒါကြောင့် ဒ်ါလာငါးဆယ် ဆိုရင် တော်လောက်ပါပြီ


No comments:

Post a Comment