Saturday, June 18, 2011

“ ပြောတာချင်းအတူတူပါနော်…”



တစ်ခါတုန်းက လှိုင်သာယာက

အိမ်နီးချင်း အမျိုးသမီးနှစ်ယောက်

စကားများရန်ဖြစ်နေကြတယ်။


မဆွေက...

ငါဟာ ညည်းလို

တစ်အိမ်တက် တစ်အိမ်ဆင်း သူများ အတင်းတွေ

လျှောက်ပြောနေတဲ့ မိန်းမ မဟုတ်ဘူးဟေ့


မကြိုင်က...

ကြည့်စမ်း၊ ကြည့်စမ်း၊

ညည်းအိမ်မှာ တယ်လီဖုန်းတပ်ထားပြီဆိုတာတောင်

ငါ မသိလိုက်ပါလား။


No comments:

Post a Comment