Monday, May 2, 2011

“ အရူးက တစ်မူးသာ…”


စိတ်ရောဂါကု ဆေးရုံတွင် ဖြစ်တယ်။

ဆေးရုံမှ ဆင်းခွင့်ပြုမယ့် လူနာကို ရောဂါပျောက်ခြင်းရှိ၊ မရှိ

နောက်ဆုံး စစ်ဆေးတဲ့အနေဖြင့် ဆရာဝန်ကြီးကမေးတယ်။


ဆရာဝန်ကြီး ဒေါက်တာမောင်မောင်က

ခင်ဗျားရဲ့ နားရွက်တစ်ဘက်ကို ဖြတ်လိုက်ရင်

ခင်ဗျား မျက်စိမြင်နိုင်ပါ့မလား


လူနာဖြစ်တဲ့ရွှေစိန်က

မြင်နိုင်ပါတယ်

နှစ်ဘက်စလုံးကို ဖြတ်လိုက်ရင်ကော

အဲဒါဆို မမြင်နိုင်တော့ဘူး

ဘာဖြစ်လို့လဲ


လူနာဖြစ်တဲ့ရွှေစိန်ပြန်ပြောလိုက်တာက...

ကျနော် ဆောင်းတဲ့ဦးထုပ် လျှောကျပြီး မျက်စိကို

ဖုံးသွားမှာမို့ပေါ့

No comments:

Post a Comment