Thursday, April 28, 2011

“ ခြံတံခါး လုံအောင်ပိတ်ပါ…”


ရွှေဂုံတိုင် အထူးကုဆေးခန်းရဲ့ အရေးပေါ်ဌာနတွင်

တယ်လီဖုန်း မြည်လာတယ်။

ဟဲလို၊ အရေးပေါ်ဌာနကပါလား

ကျမရဲ့ယောက်ျားမှားပြီး

ဓာတ်ဆီပုလင်းကို အရက်အမှတ်နဲ့ သောက်ချလိုက်မိတယ်။

အခုအိမ်ကို ပတ်ပြီး သူပြေးနေတယ်။

မရပ်နိုင်ဘူးဖြစ်နေတယ်။

အမြန်ဆုံးလာပါရှင့်


တစ်ဖက်က

တာဝန်ကျဆရာဝန်က ပြန်ပြောလိုက်တာက

မစိုးရိမ်ပါနဲ့၊

ခြံတံခါးကို လုံအောင် သေသေချာချာ ပိတ်လိုက်ပါ။

ခင်ဗျား ယောက်ျားဓာတ်ဆီ ကုန်သွားတဲ့အခါမှာ

သူ့အလိုလို ရပ်သွားပါလိမ့်မယ်

1 comment: