Wednesday, April 20, 2011

“ အသက်ရှည်ချင်ပါသလား?…”


သက်တော်(၁၀၂)နှစ်

နေသွားရတဲ့ စစ်ကိုင်းရွှေဟင်္သာတောရဆရာတော်ကြီးကို

အသက်ရှည်အောင်နည်း ခဏခဏမေးမြန်းလွန်းလို့

ဆရာတော်က

သက်ရှည်၊ကျန်းမာခြင်းရဲ့ အဓိက အချက်သုံးချက်ကို ဟောပြောခဲ့ပါတယ်။


နည်းနည်းစား၊

များများလျှောက်၊

ခေါင်းကြည်အောင်ထား၊

လို့ ဟောပြောခဲ့ပါတယ်။


ခေါင်းကြည်အောင်ထားဆိုတာက

စိတ်ချမ်းသာစရာ၊

ကုသိုလ်ဖြစ်စရာကိုသာတွေးပါ။

စိတ်ဆင်းရဲစရာ၊

အကုသိုလ်ဖြစ်စရာကို မတွေးနဲ့လို့ပြောလိုရင်းပါပဲ။

No comments:

Post a Comment