Wednesday, January 5, 2011

“ စဉ်းစားပါနော်…”


အထူးကုဆေးခန်းတစ်ခုမှာ ဖြစ်တယ်။

ခွဲစိတ်အထူးကုဆရာဝန်က ခွဲစိတ်မယ့်လူနာကို

အသေးစိတ်ရှင်းလင်းပြောဆိုလိုက်တယ်။


ခွဲစိတ်ကုသခ ဘယ်လောက်ကုန်ကျမယ် ဆိုတာကို

ကြားရတဲ့အခါ လူနာက ထအော်တယ်။


မခွဲဘူးဗျာ၊

ဒီလောက်ပိုက်ဆံပေးရမယ့်အစား

သေပဲသေလိုက်တော့မယ်


စကားကို မဆင်မခြင် မပြောနဲ့လေ၊

ခုခေတ် မသာစရိတ်

ဘယ်လောက်ကျတယ်ဆိုတာ

ခင်ဗျား မေ့သွားပြီလား

No comments:

Post a Comment