Tuesday, January 4, 2011

“ မပေးဘူးဗျာ…”


ကိုမောင်ရွှေ ဆီမှာ ခွေးနှစ်ကောင်ရှိတယ်။

တစ်ကောင်ကအဖြူ၊

နောက်တစ်ကောင်က အမည်းဖြစ်တယ်။


အိမ်နီးချင်းဖြစ်သူကိုအောင်အောင်က

သူ့မွေးချင်တာကြောင့်ခွေးတစ်ကောင်ကို

လက်ဆောင်အဖြစ်ပေးဖို့

ကိုမောင်ရွှေကိုတောင်းဆိုမိတယ်။


ကိုမောင်ရွှေက

ဘယ်အကောင်လဲ


အဖြူကောင်ကိုဗျာ


အဲဒါဆို ကျနော့်ဆီမှာ အမည်းကောင်ပဲ

ကျန်မှာပေါ့


ဒီလိုဆို အမည်းကောင်ကို ပေးဗျာ


အဲဒါဆို ကျနော့်ဆီမှာ အဖြူကောင်ပဲ ကျန်မှာပေါ့

No comments:

Post a Comment