Monday, February 14, 2011

“ ခိုးတာချင်းအတူတူပါပဲ…”


ငွေစက္ကူများထည့်ထားတဲ့ အိတ်ကို

ဧည့်သည်ဖြစ်သူ

ကိုမူတူးက

အရာရှိကြီးရဲ့ လက်ထဲကို

ကမ်းပေးလိုက်တယ်။


အရာရှိကြီးက အသံမာမာနဲ့ပြောတယ်။

ဘာလဲ၊

ဒါက လာဘ်ပေးတာလား


ဧည့်သည်ဖြစ်သူ ကိုမူတူးဟာ

အရာရှိကြီးရဲ့စကားကြောင့်

တုန်လှုပ်ခြောက်ခြားသွားပြီး

မိမိရဲ့အိတ်ကို ပြန်ယူဖို့ ကြိုးစားတယ်။


အရာရှိကြီးက လက်နဲ့တားပြီးဆက်ပြောတာက

ခင်ဗျား၊

ကံကောင်းတယ်။

ကျုပ်ဟာ လာဘ်ယူတတ်တဲ့လူ ဖြစ်နေတယ်

No comments:

Post a Comment