Friday, December 10, 2010

“ ဂုဏ်ယူစရာပါ…”



အမျိုးသားတစ်ဦးဟာ သူရဲ့သီးသန့်စာကြည့်ခန်းအား

ပြင်ဆင်မွမ်းမံနေစဉ် သူနှင့် သူ့သားနှစ်ဦး အားကစားပြိုင်ပွဲ

အသီးသီးတွင် ရခဲ့တဲ့ ဆုများကို ပြသထားရင် ကောင်းမှာဘဲလို့

ဆုံးဖြတ်ခဲ့ပါတယ်။

နံရံနှစ်ခုလုံး အပြည့်မွမ်းမံပြီးတဲ့အခါ အဲဒီလူက သူ့ဇနီးအနေနဲ့

ဘာဆုမှ မပြသနိုင်တာ ရှက်စရာကောင်းတယ်လို့ ပြောလိုက်မိပါတယ်။


နောက်နေ့မှာတော့ သားနှစ်ယောက်ရဲ့ မွေးစာရင်း မှတ်ပုံတင်စာရွက်

နှစ်ရွက်ကို သေသေချာချာ ကွပ်ပြီး ပြခန်းနံရံမှာ

ဖြည့်ဆည်း ထည့်ပေးလိုက်ပါတော့တယ်။

No comments:

Post a Comment