Friday, December 31, 2010

“ အတူထိုင်စမ်းပါ…”



ပန်ခြံထဲက ခုံတန်းရှည်ပေါ် ထိုင်ရင်း

ကိုအေးကို ဆဲရေးတိုင်းထွာနေတယ်။


ဖြတ်သွားသူ ကိုအောင်မင်းက

ဟေ့လူ၊

ဘာဖြစ်လို့ ဆဲနေရတာလဲ


ကျုပ်အနား ဝင်ထိုင်လေ၊

ခင်ဗျားလည်း ဆဲမှာပါ


ကိုအောင်မင်းက မစူးမစမ်းဘဲ ဝင်ထိုင်လိုက်ပါတယ်။

တစ်မိနစ်၊

နှစ်မိနစ်၊

သုံးမိနစ်၊

ကြာသွားပါတယ်။


ကိုအောင်မင်းက

တွေ့တယ်မဟုတ်လား၊

ကျုပ်တစ်ခွန်းမှ မဆဲဘူး


ကိုအေးကိုက

ခုံကို ဆေးသုတ်ထားတာ မကြာသေးဘူး


ဘယ်ခွေးသားလဲကွ ဟေ

ဆိုတဲ့ဆဲသံစတင်ထွက်ပေါ်လာပါတော့တယ်။

No comments:

Post a Comment