Friday, December 10, 2010

“ ချီးမွမ်းခြင်းနဲ့ မြှောက်ပင့်ခြင်း...”



ချီးမွမ်းခြင်းသည် မုဒိတာကြောင့်ဖြစ်သည်။

မြှောက်ပင့်ခြင်းသည် လောဘကြောင့်ဖြစ်သည်။


ချီးမွမ်းခြင်းသည် ပရဟိတကို ဦးတည်သည်။

မြှောက်ပင့်ခြင်းသည် အတ္တဟိတကို ဦးတည်သည်။


ချီးမွမ်းခြင်းသည် ပေးဆပ်လိုခြင်းကို ဦးတည်သည်။

မြှောက်ပင့်ခြင်းသည် ရယူလိုခြင်းကို ဦးတည်သည်။


ချီးမွမ်းခြင်းသည် မှန်ကန်သော သစ္စာစကားဖြစ်သည်။

မြှောက်ပင့်ခြင်းသည် မမှန်ကန်သော မုသားစကားဖြစ်သည်။


No comments:

Post a Comment