Wednesday, December 22, 2010

“ မိန်းမဆိုတာ…”



လင်မယား နှစ်ယောက် ဟာ

အမျိုးသမီး ဦးထုပ်များ ရောင်းတဲ့ကောင်တာ

ရှေ့မှာ ရပ်နေကြတယ်။


ယောက်ျားဖြစ်သူ ကိုရဲမြင့်က

ဟောဒီ ဦးထုပ်ကို ယူကွာ


မိန်းကဖြစ်သူ မသန်းစိန်က

ဘာလဲ၊

ဘယ်သူမှ မဆောင်းတဲ့ဦးထုပ်မျိုး

ရှင် ကျမကို ဆောင်းစေချင်တယ်ပေါ့လေ၊

ဟုတ်လား၊

ဝိုင်းကဲ့ရဲ့ကြမှာပေါ့ရှင်


ကိုရဲမြင့်က

အဲဒါဆို ဟောဒီ ဦးထုပ်ယူကွာ


မသန်းစိန်က

ဟင့်အင်း၊

တစ်မြို့လုံး ဆောင်းနေတဲ့ ဦးထုပ်ကို

ကျမက ဘာလို့ဆောင်းရမှာလဲ။

မယူဘူး

No comments:

Post a Comment