Tuesday, December 28, 2010

“ သိတာပြောရတာလေ…”


အသိ

ဆရာဝန်ဖြစ်တဲ့

ဒေါက်တာအောင်ကြည် ထံ

ကိုခင်မောင်ညွန့်ဖုန်းဆက်တယ်။


ဒေါက်တာ၊

ကျနော်နှာစေးချောင်းဆိုးဖြစ်နေတာ

တစ်ပတ်တောင်ရှိနေပြီ။

ဘာဆေးသောက်သောက်

မပျောက်နိုင်ဘူး ဖြစ်နေတယ်။

တစ်ခုခု အကြံပေးပါဦး


ဒီလိုလုပ်ပါ၊

ပြတင်းပေါက်ကို ဖွင့်လိုက်ပါ၊

အဝတ်အစားကို အကုန်ချွတ်ပြီး

ကြမ်းပေါ်မှာ လှဲအိပ်ပါ


အပြင်မှာ ဒီလောက်အေးနေတဲ့ဥစ္စာ၊

ကျနော် အဆုပ်အအေးမိသွားမှာပေါ့


ဖြစ်နိုင်ပါတယ်၊

ဒါပေမယ့် အဆုပ်အအေးမိရင်

ဘယ်လို ကုသရမယ်ဆိုတာ ကျနော်

ကောင်းကောင်း သိတယ်ဗျ

No comments:

Post a Comment