Monday, December 20, 2010

“ စိတ်ပူတတ်တဲ့ယောက်ျား…”



အိမ်ကို ပြန်ရောက်လာတဲ့ယောက်ျားဖြစ်သူ ကိုရွှေရိုးက

အသက်အာမခံစာချုပ်ကို ချစ်ဇနီးကို

ထုတ်ပေးပြီး ပြောတယ်။


ဒါ ငါရဲ့ အသက်အာမခံစာချုပ်ပဲ။

တကယ်လို့ ငါ သေသွားရင် မင်းငွေ သိန်းတစ်ရာ ရမယ်။

မင်း ဒုက္ခ မရောက်အောင် ငါ ကြိုတင်စီစဉ်ထားတာပဲ


ဇနီးမစိန်ကြိုင်က

ရှင် ကျမအပေါ်

အင်မတန်ကောင်းတဲ့ ယောက်ျားပါလား၊

အင်း နောက်တစ်ခါ

ရှင် မကျန်းမမာ ဖြစ်ရင် ဆရာဝန်ဆီ သွားပြစရာ

မလိုတော့ဘူးပေါ့နော်

No comments:

Post a Comment