Saturday, December 25, 2010

“ သိဖို့လိုတာလည်း ဒါပဲ...”


Beauty is truth

Truth beauty …..

That is all

Ye know on earth, and

All ye need to know .

( John Keats )


အလှအပဟာ အမှန်တရား၊

အမှန်တရားဟာ အလှအပပဲ။

ဒီကမ္ဘာမြေမှာ

သင် သိတာဒါပဲရှိတယ်။

သိဖို့လိုတာလည်း ဒါပဲ ရှိပါတယ်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကောင်းမွန်တဲ့ ဆက်ဆံရေးဟာ

ရောဂါကို သက်သာစေတယ်။

ဒါကြောင့် ဆေးရုံက ဆရာဝန်၊ ဆရာမတွေ ဟာ

ဆက်ဆံရေးကောင်းဖို့ အလွန်အရေးကြီးပါတယ်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရေကန်ဘေးက တောထဲက လမ်းလျှောက်ရတာ၊

တောတွေ သစ်ပင်တွေ၊ မြက်ခင်းတွေကို

ကြည့်ရတဲ့အချိန်ဟာ

စိတ်ကို အင်မတန်ချမ်းသာစေတဲ့ အလှအပကို

ခံစားနေရတဲ့အချိန်ပါပဲ။

လမ်းလျှောက်ပြီး ပြန်လာရင် နေလို့သိပ်ကောင်းတယ်။

လှပပြီး အေးချမ်းတဲ့နေရာမှာ လမ်းလျှောက်တာဟာ

ကျန်းမာရေးအတွက် အကောင်းဆုံးဆေးပါပဲ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီနေ့ ကိုယ့်လောက၊

ကိုယ့်ကမ္ဘာကြီးကို မြင်နေကျ မဟုတ်တဲ့

ထူးတဲ့အမြင်နဲ့မြင်အောင်

နည်းလမ်းသစ်တွေကို ရှာပါ။

သင့်မျက်စိ တွေကို သင်ပတ်ဝန်ကျင် မှာ

ရှိနေတဲ့ အလှအပတွေ

တစ်ဝကြီးသောက်ခွင့်ပြုလိုက်ပါ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++

စိတ်ပညာကုနည်းထဲမှာ

အလှအပကို ခံစားတတ်အောင်

သင်ပေးပါတယ်။

သဘာဝအလှအပကို ခံစားတတ်ရင်

စိတ်ကျန်းမာတယ်။


+++++++++++++++++++++++++++++++++++++++++++++++++++++++++++

(ဆရာတော် ဦးဇောတိက)



No comments:

Post a Comment