Friday, December 17, 2010

“ တော်လိုက်တဲ့မုဆိုး…”



ဆယ်မိုင်ကျေးရွာရှိ မိတ်ဆွေ

ကို အေးရွှေ ဆီကို

အလည်သွားတယ်။

မိတ်ဆွေက မုဆိုးတစ်ဦးဖြစ်တယ်။


ကိုအေးရွှေအိမ်မှာ

ပါးစပ်ကြီး ဟပြဲနေတဲ့ ဝက်ဝံဖြူရဲ့ သားရေကို

ခင်းထားတာကို တွေ့ရတယ်။

အံ့သြသွားတယ်။

ဒါနဲ့မေးကြည့်လိုက်တယ်။


ကို အေးရွှေ၊

ဒီကောင်ကို ခင်ဗျားဘယ်နှစ်ခါ ပစ်လိုက်သလဲ


ဆယ်ခါ


ဘယ်နှစ်ခါ မှန်သလဲ


တစ်ခါမှ မမှန်ဘူး


အဲဒါဆို ဒီကောင် ဘယ်လိုဖြစ်ပြီး သေသွားတာလဲ


အရယ်လွန်လို့

No comments:

Post a Comment