Tuesday, December 21, 2010

“ ပိုက်ဆံဆိုတာ…”



သားဖြစ်သူမောင်တူးတူးက

ကိုလှထွန်းကို မေးတယ်။

ဖေဖေ၊

ပိုက်ဆံဆိုတာ ဘာလဲဟင်


ကိုလှထွန်းက စိတ်ကူးယဉ်ကြည့်ပြီးဖြေတယ်။


ပိုက်ဆံဆိုတာ

အပျံစားကား၊

အကောင်းစား ဝီစကီနဲ့

ချောပေ့ လှပေဆိုတဲ့

အမျိုးသမီးတွေ ပေါ့ကွာ


သားက

ပိုက်ဆံ မရှိရင်ကောဟင်


ကိုလှထွန်းက

အဲဒါဆိုရင်တော့

ဘတ်စ်ကား၊

ရေနွေးကြမ်းနဲ့

မင်းရဲ့မေမေပဲပေါ့

သားရယ်

No comments:

Post a Comment