Wednesday, December 15, 2010

“ ကိုယ့်ပစ္စည်းကိုယူ…”



သွားအထူးကုဆေးခန်းတွင်ဖြစ်တယ်။

သွားအထူးကုဆရာဝန်ဒေါက်တာအေးဖုန်းနိုင်က

လူနာကိုအောင်ဟိန်းကို ပြောတယ်။

ကိုက်နေတဲ့ သွားကို ကျနော်နှုတ်တော့မယ်၊

ပြင်ထားပေတော့

လူနာကိုအောင်ဟိန်းဟာ ကြောက်လန့်တကြားဖြင့်

ကုလားထိုင်ရဲ့လက်ကိုင်နှစ်ဘက်ကို တအားဆုပ်ထားတယ်။

ကိုင်း၊ နှုတ်ပြီ

ကိုအောင်ဟိန်းကတစ်အားအော်တယ်။

အား….အား…. ”

နှုတ်လိုက်တဲ့သွားကို ဆရာဝန်ဒေါက်တာအေးဖုန်းနိုင်က

လူနာကိုအောင်ဟိန်းအား ကမ်းပေးလိုက်တယ်။

ရော့၊

ခင်ဗျားရဲ့ နာနေတဲ့သွား

လူနာကလည်း ကုလားထိုင်လက်ကိုင်ကို

ဆရာဝန်ဒေါက်တာအေးဖုန်းနိုင်ဘက်ထိုးပေးလိုက်တယ်။

ရော့

ဆရာ့ ကုလားထိုင် လက်ကိုင်တွေ…”

1 comment:

  1. Post တွေ တခုချင်း ဖတ်ရင်းနဲ့ ရီနေတာ မရပ်တော့ဘူး..

    ReplyDelete