Friday, November 12, 2010

“ မိန်းမ အကြောက်ဆုံးလူ...”



အိုလံပစ် လ္ဘက်ရည်ဆိုင်မှာ

သူငယ်ချင်းများ ဆုံမိကြတယ်။

တစ်ယောက်က ပြောတယ်။

ဒီအထဲမှာ မိန်းမကို အကြောက်ဆုံး ဘယ်သူလဲ၊

ဝန်ခံရဲစမ်းပါ

အားလုံး ငြိမ်နေကြတယ်။

နောက်ဆုံးမှာ အားလုံးအနက် အသက်အကြီးဆုံးဖြစ်သူကိုဝင်းသန်းက

မမျှော်လင့်ဘဲ ပြောလိုက်တယ်။

ငါပဲ….”

အားလုံးက အံ့အားသင့်ပြီး ဝိုင်းပြောတယ်။

ခင်ဗျားမှာ မိန်းမမှ မရှိဘဲ၊

ခင်ဗျားက လူပျိုကြီးပဲ


ကိုဝင်းသန်းပြန်ပြောလိုက်တာကတော့ ...

မိန်းမတွေကို ကြောက်လွန်းလို့

မိန်းမယူဖို့ကိစ္စကို

ငါတွေးတောင် မတွေးရဲ

ဘူးလေကွာ

No comments:

Post a Comment