Friday, November 19, 2010

“ အသက်အာမခံ လုပ်မပေးပါ…”



ကိုကျော်ဆွေဟာ အသက်အာမခံထားချင်တယ်။

ဒါနဲ့ပဲ အသက်အာမခံကိုယ်စလှယ်တစ်ဦးနဲ့တွေ့ပြီး

မေးကြည့်လိုက်တယ်။


ကိုကျော်ဆွေက...

ကျနော့်အသက်ကို အာမခံထားချင်ပါတယ်


အသက်အာမခံကိုယ်စလှယ်က

မိတ်ဆွေမှာ မော်တော်ကား ရှိပါသလား


ဟင့်အင်း မရှိဘူး


မော်တော်ဆိုင်ကယ်ကောရှိပါသလား


မရှိဘူး


ဘာလဲ စက်ဘီးနဲ့ သွားသလား


ဟင့်အင်းစက်ဘီးလည်း မရှိပါဘူး


အသက်အာမခံကိုယ်စလှယ်က...

ဒါဆို ဝမ်းနည်းပါတယ်။

ကျနော့်တို့ အသက်အာမခံ ကုမ္ပဏီက လမ်းလျှောက်သူတွေ အတွက်

အသက်အာမခံ လုပ်မပေးပါဘူး။

အန္တရာယ်များလွန်းလို့ပါ

No comments:

Post a Comment