Monday, November 15, 2010

“ ကူညီခဲ့တဲ့ လက်များ…”



ကျေးဇူးတရားသိတတ်တဲ့ အထိမ်းအမှတ်အနေဖြင့်

ပထမတန်းကျောင်းသားလေးများအား

သူတို့စိတ်ကြိုက်ရုပ်ပုံကို ရေးခိုင်းပါတယ်။

အဲဒီရုပ်ပုံဟာ သူတို့အနေဖြင့် ကျေးဇူးတင်တဲ့ အထိမ်းအမှတ်ဖြင့်

ရေးဆွဲတဲ့ ရုပ်ပုံဖြစ်ဖို့ကိုတော့ ဆရာမက ပြောထားပါတယ်။

တချို့ကျောင်းသား/သူများက ကားပုံ၊

တချို့ကျောင်းသား/သူများကအိမ်ပုံ၊

တချို့ကျောင်းသား/သူများက ကစားစရာ ရုပ်ပုံ၊

တချို့ကျောင်းသား/သူများက အစားအစာပုံ များရေးဆွဲကြပါတယ်။


ဒါပေမယ့် ကလေးငယ်တစ်ဦးက လက်တစ်ချောင်းပုံကို ရေးဆွဲထားပါတယ်။

တစ်တန်းလုံးက အဲဒီလက်ဟာ ဘယ်သူ့ရဲ့လက်ဖြစ်နိုင်တယ်ဆိုတာကို

အမျိုးမျိုးပြောဆိုနေကြပါတယ်။

ရဲသားရဲ့လက်လား၊

ဆန်စပါးစိုက်တဲ့ လယ်သမားရဲ့လက်လား၊

လား၊ လား၊လား ပေါင်းများစွာနဲ့ အမျိုးမျိုးပြောနေကြပါတယ်။

ဘယ်သူမှ မခန့်မှန်းနိုင်ကြပါ။

ကာယကံရှင်ဖြစ်တဲ့ ကောင်လေးကလည်း

ဘယ်သူ့လက်လဲဆိုတာကို မပြောပါ။


မုန့်စားကျောင်းဆင်းတဲ့အခါ ကလေးများ

ကျောင်းခန်းပြင်ပသို့ ထွက်လာကြပါတယ်။

အဲဒီအချိန်မှာ ဆရာမဟာ အတန်းထဲကို ဝင်လာပြီး

သား ဆွဲတာ ဘယ်သူ့လက်လဲ

လို့ ကြင်ကြင်နာနာ တိုးတိုးလေးမေးကြည့်ပါတယ်။


အဲဒီအခါ ကလေးက

ဆရာမရဲ့လက်ပါ

လို့ ရိုးရိုးလေးပြန်ပြောလိုက်ပါတယ်။

အဲဒီအဖြေကို ကြားရတဲ့အခါ ဆရာမရဲ့စိတ်မှာတစ်မျိုးကြီးခံစားလာရပြီး

မျက်ရည်များ ရစ်ဝဲလာပါတော့တယ်။

ကလေးရဲ့ လက်ကလေးကို ကိုင်ပြီး စာရေးတတ်အောင် သင်ပေးခဲ့တဲ့ အချိန်များနဲ့

လမ်းဖြတ်ကူးရာမှာ အဲဒီကလေးကို လက်တွဲပြီး ကူညီခဲ့ရတဲ့အချိန်များကို

ပြန်လည်သတိရပြီး

ဆရာမရဲ့ မျက်လုံးတွင် မျက်ရည်များ ရစ်ဝဲလာခြင်းဖြစ်ပါတယ်။

အဲဒီလို ကူညီခဲ့ရတာဟာ အကြောင်းရင်းရှိပါတယ်။

အဲဒီကလေးဟာ ခြေမသန်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

No comments:

Post a Comment