Tuesday, November 16, 2010

“ သတင်းနှစ်ခု...”



လက်အောက်ဝန်ထမ်းကို ကုမ္ပဏီပိုင်ရှင်ခေါ်ပြီး ပြောတယ်။


မင်းကို သတင်းနှစ်ခု ပြောစရာရှိတယ်။

တစ်ခုကတော့ ဒီနေ့ကစပြီး

မင်းရဲ့လစာကို နှစ်ဆ တိုးပေးလိုက်တယ်။


အန်ကယ့်ကို ကျနော် ဘယ်လိုကျေးဇူးတင်ရမှန်းတောင်

မသိတော့ပါဘူး ခင်ဗျား


ဒုတိယသတင်းကတော့

ဒီနေ့က စပြီးပဲ မင်းကို အလုပ်က ဖြုတ်လိုက်တယ်။

လူပျင်း၊ လူညံ့၊

ကဲ

ဒီလောက်ကောင်းတဲ့အလုပ်ကို

မင်း လက်လွှတ်လိုက်ရတယ်ဆိုတာ တွေးတွေးပြီး ဆွေးပေတော့


No comments:

Post a Comment