Monday, November 15, 2010

“ တော်လိုက်တဲ့ ကလေးငယ်…”


ကျောင်းတွင် အလုပ်လုပ်နေတဲ့စိတ်ပညာရှင်တစ်ဦးဟာ

-နှစ်သားအရွယ်ကျောင်းသားများရဲ့ဉာဏ်ရည်ကို

စစ်ဆေးတဲ့ စမ်းသပ်မှုတစ်ခုကို ပြုလုပ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပထဝီဝင် မဂ္ဂဇင်းမှ ကမ္ဘာ့မြေပုံကို ယူပြီး

အပိုင်းပိုင်း စိတ်ပိုင်းလိုက်ပါတယ်။

အပိုင်းပိုင်းပြုလုပ်ထားတဲ့ အပိုင်းများကို -နှစ်သားအားပေးပြီး

ကမ္ဘာ့မြေပုံရအောင် ပြန်ဆက်စေပါတယ်။


ကလေးငယ်ဟာ မြေပုံအစိတ်အပိုင်းများကို

ခဏမျှ အသေအချာလေ့လာကြည့်ရှုပါတယ်။

အဲဒီနောက် အမှားအယွင်းမရှိပဲ

ကမ္ဘာ့မြေပုံကို လျင်မြန်စွာ ဆက်ပြလိုက်ပါတယ်။


ဟာသိပ်တော်တာပဲ

လို့စိတ်ပညာရှင်က ချီးကျူးပါတယ်။

ဒီလောက်မြန်မြန်နဲ့ အမှားအယွင်းးမရှိအောင်

သားက ဘယ်လိုလုပ်လိုက်သလဲ

လို့စိတ်ပညာရှင်ကမေးကြည့်ပါတယ်။

-နှစ်သားကလေးငယ်က

စိတ်ပညာရှင်ရဲ့ မေးခွန်းကို ပြုံးပြီး နားထောင်ပါတယ်။


အဲဒီပုံရဲ့ နောက်ဘက်မှာ လူပုံအကြီးကြီးတစ်ပုံရှိပါတယ်။

အဲဒီပုံကို ဆက်လိုက်ရင် ကမ္ဘာ့မြေပုံက

သူ့အလိုအလျောက် ပေါ်လာတာပါပဲ

လို့ ကလေးငယ်က ရှင်းပြလိုက်ပါတယ်။

No comments:

Post a Comment