Sunday, November 14, 2010

“ အင်အားလျှော့လိုက်ပြီလား…”



ရန်ကုန် တိရ စ္ဆာန်ဥယျာဉ်မှာဖြစ်ပါတယ်။

ခြင်္သေ့ပျိုကို တိရ စ္ဆာန်ရုံကို ယူဆောင်လာပြီး

ခြင်္သေ့အိုကြီးရှိရာ လှောင်ချိုင့်အတွင်းကို ထည့်လိုက်တယ်။

မကြာခင်မှာ တိရ စ္ဆာန်ရုံ ဝန်ထမ်း ရောက်လာပြီး ခြင်္သေ့အိုကြီးဘက်ကို

အမဲသားတုံးကြီးတစ်တုံးကို ပစ်ပေးလိုက်ပါတယ်။

အသစ်ရောက်လာတဲ့ ခြင်္သေ့ပျိုဘက်ကိုတော့

ငှက်ပျောသီး လေးငါးလုံးပစ်ပေးလိုက်တယ်။


ခြင်္သေ့ပျိုက ခြင်္သေ့အိုကိုမေးလိုက်တယ်။

ခင်ဗျားကျတော့ အသားစားရတယ်။

ကျနော်ကျတော့ ဘာဖြစ်လို့ ငှက်ပျောသီးပဲ စားရတာလဲ၊

ခင်ဗျားက ကျနော့်ထက် ဘာများ သာလို့လဲ


ခြင်္သေ့အိုကြီး ပြန်ဖြေလိုက်တာက

သာလို့တော့ ဟုတ်ဟန်မတူပါဘူး၊

အခု တိရ စ္ဆာန်ရုံမှာ အင်အားအတိုးအလျှော့လုပ်နေတယ်။

မင်းကို မျောက်စာရင်းထဲ ထည့်လိုက်ပြီနဲ့တူတယ်

No comments:

Post a Comment