Sunday, November 14, 2010

“ ဘယ်မှာရေကူးရမလဲ…”



တစ်နေ့တော့ ရိုလန်ဆိုသူတစ်ယောက် အမေဇုန်မြစ်ထဲ

ရေဆင်းကူးရန်အတွက် အဝတ်အစားများကို ချွတ်တယ်။


ရက်အင်ဒီးယန်းတစ်ယောက်က လှမ်းပြောတယ်။

ဒီနေရာမှာ ရေ ဆင်းမကူးစေချင်ဘူးဗျာ၊

မိကျောင်းတွေ သိပ်ပေါတယ်ခင်ဗျ


မိကျောင်း မရှိတဲ့နေရာ ရှားပါတယ်။

ရေ သိပ်ကူးချင်နေတယ်ကွ


ရက်အင်ဒီးယန်းက...........

ပင်လယ်နဲ့ နီးတဲ့နေရာမှာတော့ မိကျောင်း မရှိပါဘူး


သေချာရဲ့လား


ရက်အင်ဒီးယန်း ပြောလိုက်တာက........

သေချာပါတယ်။

မိကျောင်းတွေက ငမန်းကို သိပ်ကြောက်ကြတယ်လေ

No comments:

Post a Comment