Sunday, November 14, 2010

“ လူနာဖတ်ဖို့ပါ…”



လပ်ကီးစာအုပ်ဆိုင်မှာ ဖြစ်တယ်။

ဆရာဝန်ဒေါက်တာအောင်ဝင်းဟိန်းက

စာအုပ်တစ်အုပ်ဝယ်ဖို့ စာအုပ်ဆိုင်ထဲ ဝင်လာတယ်။


ဆိုင်ရှင် ကိုနေဝင်းထွန်းက

ဘာလိုချင်လဲဆရာ


ဆရာဝန်က

ကျနော် စာအုပ် တစ်အုပ်လောက် ဝယ်ချင်ပါတယ်


ကိုနေဝင်းထွန်းက

ဘယ်လို အကြောင်းအရာမျိုး စာအုပ်ပါလဲ


ဆရာဝန်က

ကျနော့်လူနာဖတ်ဖို့ပါ


ဆိုင်ရှင်က

သမ္မာကျမ်းစာအုပ် ယူသွားမလား


ဆရာဝန်က

မဖြစ်ဘူးထင်တယ်၊

ကျနော့်လူနာက ဒီလောက်အထိ ရောဂါ မပြင်းဘူးခင်ဗျ

No comments:

Post a Comment