Friday, November 26, 2010

“ အိမ်ထောင်ရေးအကြောင်း ပြောတယ်ဆိုတော့…”



တစ်ခါတုန်းက စာဖတ်ပရိသတ်တစ်ဦးဟာ

အယ်ဒီတာဆီကို စာတစ်စောင်ရေးပေးလိုက်ပါတယ်။


အယ်ဒီတာကြီးခင်ဗျား၊

ခင်ဗျားဟာ ဘယ်လိုလုပ်ပြီး အိမ်ထောင်ရေးကိစ္စ၊

လိင်ကိစ္စတွေကို

ဆောင်းပါးတွေ ရေးနေတာလဲ။

ခင်ဗျားကိုယ်တိုင်က အိမ်ထောင်တောင် မပြုရသေးတော့၊

အိမ်ထောင်ရေးအကြောင်း၊

လိင်အကြောင်းတွေ ရေးတာကို

စဉ်းစားလို့ မရနိုင်အောင်ပါဘဲ

လို့ ရေးသားထားပါတယ်။


အယ်ဒီတာက...

မှန်ပါတယ်၊

ကျနော် မသေဘူးပေမယ့်

လူသေတဲ့အကြောင်းလည်း ရေးပါတယ်

လို့စာပြန်ရေးလိုက်ပါတော့တယ်။

No comments:

Post a Comment