Monday, November 15, 2010

“ နောင်တရမိတယ်…”




ယောက်ျားဖြစ်သူ ကိုအေးချိုအား

ရေနွေးကရားဖြင့်

ပစ်ပေါက်တဲ့ မိန်းမရဲ့အမှုကို

တရားရုံးတွင် စစ်ဆေးနေတယ်။


တရားသူကြီးက

တရားခံ အမျိုးသမီးဖြစ်တဲ့ မအေးစန်းကိုမေးတယ်။


ခင်ဗျားရဲ့ယောက်ျားကို ခင်ဗျား ရေနွေးကရားနဲ့

ပစ်ပေါက်လိုက်လို့ သူ ခေါင်းကွဲသွားတယ်။

ရုံးတော်ကို ပြောစမ်းပါ။

ဒီလို ပစ်ပေါက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး

ခင်ဗျား နောင်တလုံးဝ မရဘူးလား


ရပါသော်ကော တရားသူကြီးမင်းရယ်။

ရေနွေးကရားက အသစ်ကျပ်ချွတ်။

ပြီးတော့ ပန်းတွေနဲ့၊ လှကလှပါဘိသနဲ့။

အခုတော့

ကြည့်မကောင်း ရှုမကောင်းအောင် ပိန်ချိုင့်သွားပြီ။

နှမြောလိုက်တာရှင်… ”



No comments:

Post a Comment