Tuesday, October 26, 2010

“ မိန်းမချောတဲ့ဗျား…”




လူသူမပေါက်တဲ့ ကျွန်းတစ်ခုပေါ်မှာ

လူတစ်ယောက်နဲ့ ကြက်တူရွေးတစ်ကောင်တို့ နှစ်တော်တော်ကြာရောက်နေကြတယ်

တစ်နေ့မှာတော့ ကြက်တူရွေးဟာ စိတ်လှုပ်ရှားပြီး မိမိရဲ့ သခင်ဆီကို ပျံလာတယ်။


ကြက်တူရွေးက

မိန်းမချောတစ်ယောက်ကို ကျနော်တွေ့ခဲ့တယ်ဗျ


ယောက်ျားကြီးက ချက်ချင်းထပြီးကြက်တူရွေးနောက်ကိုလိုက်တယ်။

ကြက်တူရွေးဟာ ပျံရင်း လမ်းတစ်လျှောက်လုံး အဖွဖွပြောလာတာက


လှလိုက်တဲ့ မျက်လုံး၊

ကောင်းလိုက်တဲ့ ကိုယ်လုံး၊

တကယ့် ရှယ်ပဲ


တစ်နေရာကို ရောက်လာတဲ့အခါမှာတော့

ကြက်တူရွေးဟာ သစ်ပင်တစ်ခုပေါ် နားလိုက်ပြီး

ဘေးက သစ်ပင်ကို မိမိရဲ့ နှုတ်သီးနဲ့ ညွှန်ပြတယ်။


ကျနော်ပြောတဲ့ မိန်းမချောလေ၊

ဟောဟိုမှာ…”


ကြက်တူရွေး ညွှန်ပြတဲ့ဖက်ကို ယောက်ျားကြီး ကြည့်လိုက်တယ်။

ပြီးတော့ ယောက်ျားကြီးရဲ့နှုတ်က ဆဲသံဆိုသံများ ပေါ်ထွက်လာပါတော့တယ်။


တော်တော် အသုံးမကျတဲ့ အကောင်၊

ကြက်တူရွေးမ ကိုများ

ငါ့ကို ခေါ်ပြရတယ်လို့

No comments:

Post a Comment