Friday, October 15, 2010

“ အဆောတလျင် ဆုံးဖြတ်ခြင်း...”




ဖလော်ရီဒါပြည်နယ်သားတစ်ဦးဟာ

ဘာရိုမီတာတစ်ခုကို စာတိုက်မှ ပေးပို့ရန်

ဘာရိုမီတာထုတ်လုပ်တဲ့ ကုမ္ပဏီကို လှမ်းမှာလိုက်ပါတယ်။

ဘာရိုမီတာ ရောက်လာတဲ့အခါ

ဖိအားပြမြှားတံဟာဟာရီကိန် (လေပြင်းမုန်တိုင်း)ဆိုတဲ့ အကွက်ကို ပြသနေပါတယ်။

အဲဒါကြောင့် အဲဒီကိရိယာကို သူ့လက်ဖြင့်ခေါက်ကြည့်ပါတယ်။

လှုပ်ခါကြည့်ပါတယ်။

ဘာမှထူးထူးခြားခြားပြောင်းလဲလာမှု မရှိတဲ့အတွက် လက်နဲ့ ထုကြည့်ပါတယ်။

ဒါပေမယ့် ဘာမှ ထူးခြားပြီး ပြောင်းလဲလာခြင်း မရှိပါ။

အဲဒါကြောင့် ဒေါသထွက်လာပြီး

ဘာရိုမီတာကို အခန်းထောင့်ကို လွှင့်ပစ်လိုက်ပါတော့တယ်။

မကျေနပ်တဲ့ စာတစ်စောင်ကို ရေးပြီး

ဘာရိုမီတာရောင်းတဲ့ ကုမ္ပဏီကို ပို့ရန် အလျင်စလို ပြုလုပ်ပါတယ်။

အဲဒီလူ ရေးပြီးတဲ့စာကိုထည့်ဖို့စာတိုက်ကို ထွက်ခွာသွားခဲ့ပါတယ်။

စာထည့်ပြီး ပြန်ရောက်လာတဲ့အခါမှာတော့

မုန်တိုင်းကြောင့် ဘာရိုမီတာလည်းမရှိတော့သလို

သူ့အိမ်လည်း မတွေ့ရတော့ပါ။

No comments:

Post a Comment