Tuesday, October 26, 2010

“ သည်းခံတတ်သူ…”



ဗီယင်နာမှ စိန့်ကလင့်မင်းဟော့ဘာဟာ

မိဘမဲ့ကလေးများအတွက် ရန်ပုံငွေအလှူလိုက်ကောက်ခံပါတယ်။

နပိုလီယံစစ်ပွဲအတွင်း ဖခင်များ တိုက်ပွဲများတွင် ကျဆုံးသွားတဲ့အတွက်

ကျန်ရစ်တဲ့ ကလေးများအတွက် ရန်ပုံငွေ ကောက်ခံခြင်းဖြစ်ပါတယ်။

လူသုံးယောက်ဟာ စားသောက်ဆိုင်တစ်ဆိုင်မှာ

ဖဲကစားနေတာကို တွေ့တဲ့အတွက် သူ ဝင်သွားပါတယ်။

သူတို့ရဲ့ကောင်းမြတ်တဲ့လုပ်ငန်းအတွက်

အလှူငွေထည့်ရန် ယဉ်ကျေးစွာမေတ္တာရပ်ခံပါတယ်။

ဖဲကစားသူများအနက်မှ တစ်ဦးက

အလှူလာခံသူအား ဆဲရေးတိုင်းထွာပြီး

မျက်နှာတည့်တည့်ကို တံထွေးနဲ့ထွေးလိုက်ပါတယ်။

ဟော့ဘာက အေးဆေးစွာနဲ့ သူရဲ့လက်ကိုင်ပဝါထုတ်ပြီး

သူရဲ့ပါးမှာပေနေတဲ့ တံထွေးကို သုတ်လိုက်ပါတယ်။

ပြီးတော့ ဒေါသသံ လုံးဝမပါဘဲပြောလိုက်တာကတော့


“ အခု ရလိုက်တာကတော့ကျနော့်အတွက် ဟုတ်ပါပြီခင်ဗျာ၊

ကျနော်စောင့်ရှောက်နေတဲ့ မိဘမဲ့ကလေးတွေအတွက်

နည်းနည်းကူပါဦး ”


လို့ထပ်မံ မေတ္တာရပ်ခံပါတယ်။

မိုက်ရိုင်းတဲ့ ဖဲသမားဟာ အံ့အားသင့်သွားတယ်။

အံ့အားသင့်လွန်းတဲ့အတွက် သူရဲ့အိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး

သူ့မှာ ရှိသမျှငွေတွေ အားလုံးကို အလှူခံပုဂ္ဂိုလ်အား လှူလိုက်ပါတော့တယ်။

No comments:

Post a Comment